Skip to content

Baby Myanmar Montessori center

မွန်တက်ဆိုရီပညာရေးဆိုသည်မှာ

About Us

မွန်တက်ဆိုရီပညာရေးသည်ကလေးဗဟိုပြုသင်ကြားမှုစနစ်ကိုအခြေခံထားပြီး ကလေးငယ်များ၏သဘောသဘာဝအပေါ် ဦးစားပေးခြင်း၊ ကလေးငယ်များ လွတ်လပ်စွာ ကိုယ့်အားကိုယ်ကိုးတတ်စေရန်၊ လူမှုပေါင်းသင်းဆက်ဆံရေးစွမ်းရည် ဖွံ့ဖြိုးတိုးတတ်စေရန် နှင့် ကလေးငယ်များ အမှီအခိုကင်းကင်းလုပ်ဆောင်နိုင်ရန်သင်ယူရင်း တာဝန်ယူတတ်မှုအပိုင်းတို့ကိုအဓိကထားလေ့ကျင့်သင်ကြားပေးသော ပညာရေးဖြစ်ပါသည်။

ကလေးငယ်များသည် မိမိကိုယ်ကို အားကိုးတတ်သော၊ စူးစမ်းလေ့လာတတ်သော၊ မိမိကိုယ်ကိုယုံကြည်မှုရှိသော၊ မိမိကိုယ်တိုင်ဦးဆောင်လုပ်ကိုင်နိုင်သောသူတစ်ယောက် ဖြစ်လာရန်အတွက် လက်တွေ့လုပ်ဆောင်မှုများနှင့်အတူ လေ့ကျင့်ပေးကာ စနစ်တကျစီမံထားသည့် ဘောင်အတွင်း၌ လွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးခြင်းကပင် မွန်တက်ဆိုရီ ပညာရေးတစ်ခုဖြစ်ပါသည်။

မွန်တက်ဆိုရီ ပညာရေး၌ သင်ကြားပေးသောသင်ရိုးညွှန်းတမ်းများကို အောက်ပါအတိုင်း စနစ်တကျ ဖွဲ့စည်းထားပါသည်။

(1) Practical Life

(2) Sensorial

(3) Language

(4) Math

(5) Cultural and Science အစရှိသည့် လက်တွေ့ကျသောသင်ရိုးများဖြင့် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပါသည်။

ကလေးငယ်များ ကိုယ့်အား ကိုယ်ကိုးပြီး ယုံကြည်မှုရှိရှိနဲ့ ကောင်းမွန်စွာကြီးပြင်းလာစေရန်၊ လေ့လာသင်ယူနိုင်စေရန် အထောက်အကူဖြစ်စေမည့် ပတ်ဝန်းကျင်နှင့် လမ်းညွှန်ပြသပေးသော ဆရာ၊ဆရာမ လူကြီးမိဘများက မွန်တက်ဆိုရီ ပညာရေးတွင် အရေးကြီးလှသောအခန်းကဏ္ဍ၌ ပါဝင်ပါသည်။ ကလေးငယ်များကို  သမားရိုးကျပုံစံခွက်ထဲမှခွဲထွက်ပြီး လေ့ကျင့်ပေးသော ထူးခြားသည့်ပညာရေးစနစ်ကြောင့် လိုအပ်သည်ထက်ပိုစွာပံ့ပိုးပေးနေသော မိဘများအနေဖြင့် မွန်တက်ဆိုရီ ပညာရေးစနစ်၏ အနှစ်သာရကိုသေချာသိရှိထားသင့်ပြီး ဆရာ၊ဆရာမများ၏လမ်းညွှန်ချက်များနှင့်အတူ စိတ်ချယုံကြည်စွာ လိုက်နာပူးပေါင်းပါဝင်ပေးမည်ဆိုလျင် မိမိတို့၏ကလေးငယ်လေးများအနာဂတ်အတွက် ချစ်ခြင်းအစစ်အမှန်နဲ့အတူ ပံ့ပိုးမှုအစစ်အမှန်ကို ပေးရာလည်းရောက်ပါလိမ့်မည်။

သားသားမီးမီးတို့၏ ဘ၀ခရီးတစ်လျှောက်တွင် ကိုယ့်အားကိုယ်ကိုးပြီး ယုံကြည်မှုရှိရှိနှင့် ကောင်းမွန်စွာကြီးပြင်းနိုင်စေဖို့ အထောက်အကူဖြစ်သော မွန်တက်ဆိုရီ ပညာရေး ကို စိတ်ဝင်စားသည့် မိဘအုပ်ထိန်းသူများအနေဖြင့် 𝐌𝐨𝐧𝐭𝐞𝐬𝐬𝐨𝐫𝐢 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭 နဲ့တွေ့ဆုံပြီး ပညာရေးသင်ကြားမှုနည်းစနစ်များ၊ အကျိုးရလဒ်များကို ဆွေးနွေးတိုင်ပင်ရန်အတွက် အကြံပြုအပ်ပါသည်။