Skip to content

Baby Myanmar Montessori center

Home » Blog » Baby Myanmar Montessori Center ရှိ ဆရာမများ အရည်အချင်းပြည့်မီပြီး အရည်အသွေးပြည့်ဝသောဆရာမများဖြစ်စေရန်

Baby Myanmar Montessori Center ရှိ ဆရာမများ အရည်အချင်းပြည့်မီပြီး အရည်အသွေးပြည့်ဝသောဆရာမများဖြစ်စေရန်

    Baby Myanmar Montessori Center ရှိ ဆရာမများ အရည်အချင်းပြည့်မီပြီး အရည်အသွေးပြည့်ဝသောဆရာမများဖြစ်စေရန် ရည်ရွယ်ကာ Teacher Training Center ကို စီစဉ်ထားရှိ‌ပေးထားပါသည်။ BMMC Campus များမှ ဆရာမများအားလုံးကို သက်ဆိုင်ရာသင်ရိုးများနှင့် အချိန်ဇယားများရေးဆွဲကာ အသီးသီးသင်ကြားမျှဝေပေးလျက်ရှိပါသည်။ ဆရာမများအနေဖြင့် Montessori Education ကိုသေချာစွာနားလည်ပြီး ကလေးသူငယ်စိတ်ပညာနှင့် ပညာရေးကိုအခြေခံကာ ကလေးငယ်များနှင့်ပတ်သက်သည့် ဗဟုသုတများ၊ ပညာရပ်များ ကို စာသင်ခန်းများအတွင်း ပြန်လည်အသုံးချနိုင်စေရန် Training များကို မပျက်မကွက်တက်ရောက်ကာ လေ့လာလျှက်ရှိပါသည်။

    သင်ကြား‌ပေးလျှက်ရှိသော သင်တန်းများမှာ

    • Montessori Education (မွန်တက်ဆိုရီပညာရေး)
    • Fundamental Child Psychology (အခြေခံကလေးသူငယ်စိတ်ပညာ)
    • Early Childhood Education Theories and Concepts (ရှေးဦးအရွယ်ကလေးငယ်ပညာရေးသီအိုရီများနှင့် အယူအဆများ)
    • Personality Development for teachers (ဆရာမများအတွက် ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှု)
    • Classroom English (စာသင်ခန်းသုံးအင်္ဂလိပ်ဘာသာစကား)
    • Fundamental English Language (အခြေခံအင်္ဂလိပ်ဘာသာစကား)
    • Fundamental Nurse Aid Training (အခြေခံသူနာပြု‌အကူလေ့ကျင့်သင်ကြားမှု)
    • Fundamental First Aid Training (အခြေခံရှေးဦးသူနာပြုလေ့ကျင့်သင်ကြားမှု)
    • Hands-on Activities and Lesson Plan Training (လက်တွေ့လုပ်ဆောင်မှုများနှင့် သင်ရိုးညွှန်းတမ်း လေ့ကျင့်သင်ကြားမှု)

    ဆရာမများ စာသင်ခန်းများတွင် အဆင်ပြေချောမွေ့စွာသင်ကြားနိုင်ပြီး ကလေးများကိုပျိုးထောင်ပေးနိုင်ရန်သာမကပဲ ဆရာမများ၏အသက်မွေးဝမ်းကြောင်းတိုးတက်ရေးအတွက်လည်းရည်ရွယ်သော၎င်းသင်တန်းများကို တက်ရောက်သင်ကြားပြီးပါက အခါအားလျော်စွာ အရည်အချင်းစစ်စာမေးပွဲများကိုလည်း ကျင်းပဖြေဆိုလျှက်ရှိပါသည်။